BJlogoMM.png
Bagan_JourneyMM.jpg

ကစားနိုင်သည့် ဦးရေ ၂ယောက် မှ ၄ယောက် ၊ အသက် ၈+ ၊ ကြာချိန် ၁၅-၄၀ မိနစ်

circle_bus.jpg

ဤမိသားစုကဒ်ကစားနည်းတွင် ဆန်းကျယ်လှပလွန်းတဲ့ ပုဂံမြို့တော်အကြောင်း စူးစမ်းလေ့လာရင်း အံ့သြဖွယ်ရာများစွာ ကို ရှာဖွေဖော်ထုတ်နိင်မှာဖြစ်ပါတယ်။

ကစားသင့်သူများ - အားလပ်ရက် ခရီးထွက်နေသည့်ခံစားမှုကိုနှစ်ခြိုက်သော မည်သည့်အရွယ်မည်သူမဆို။

ဘယ်လိုကစားမလဲ Video ကြည့်ရန်

circle_hotels.jpg

ကစားနည်း

ဤကစားနည်းရဲ့ အဓိက ပန်းတိုင်မှာ ကစားပွဲအပြီးတွင် “လေ့လာရေးမှတ်” တွေ အများဆုံးစုဆောင်းနိုင်ဖို့ပဲဖြစ်ပါတယ်။ ကစားသမားများသည် မိမိသွားရာ ခရီးလမ်းမှာရလာမယ့် အတွေ့ အကြုံများအပေါ်မူတည်ပြီး “လေ့လာရေးမှတ်” တွေစုဆောင်းရမှာပါ။

လေ့လာရေးမှတ် ၃၀ ခု ကိုပထမဆုံးရတဲ့သူကတော့ ပုဂံမြို့ကိုနှံ့နေအောင်လည်ပတ်ပြီးသူဖြစ်၍အနိုင်ရရှိပါတယ်။

cards1MM.jpg
circle_balloons.jpg

ပါဝင်ပစ္စည်းများ

  • ဂိမ်းကစားနည်းစာအုပ် ၁အုပ်

  • မြေပုံဘုတ်ပြား ၁ခု

  • ကစားသမား လူရုပ်လေး ၄တုံး (၁ ရောင် ၁ရုပ်စီ)

  • ကစားသမား တာလီအမှတ်ပြား ၄ပြား (၁ ရောင် ၁ပြားစီ)

  • အမှတ်အသားတုံး ၄၀ ခု (၁ ရောင် ၁၀ တုံးစီ)

  • ဘုရားပုထိုးကဒ် ၁ဝကဒ်

  • ခရီးသွားကဒ် ၇ဝကဒ်

  • အောင်မြင်မှုကဒ် ၄ကဒ်

  • အံစာတုံး ၁တုံး

ပုဂံခရီးစဉ် ကစားနည်းဖတ်ရန် - http://bit.ly/baganjourney2e

ပုဂံခရီးစဉ် ကစားနည်းကြည့်ရန် - http://bit.ly/howtoplaybaganjmm

ပုဂံခရီးစဉ်ကို Board Game Geek တွင်လည်း ဝင်ရောက်ကြည့်ရှုပေးကြပါ။